RSS

Friday, 8 July 2011

THE STORY OF ANGULIMALA





THE STORY OF ANGULIMALA The child, later to be called Angulimala (“Finger-Garland”) was born to Brahmin priestly-caste parents and named Ahimsaka (“One Who Does No Harm”). When he was old enough he was sent to ‘school’ in another learned Brahmin’s family to learn, besides reading, writing and arithmatic, all the Brahmin’s traditional knowledge. He grew to be very intelligent and an excellent scholar besides which he was naturally respectful to his teacher and endeared himself to him by his willing helpfulness. His fellow pupils slowly became so jealous of him that they hatched a plot to get rid of Ahimsaka. They began by insinuating that something was wrong with him but did not tell the teacher what it was. Then they intensified this by starting to suggest that he was too close to the teacher’s wife. Finally they came out with the brazen lie that Ahimsaka was sleeping with his wife, a fact that the teacher hearing it from many mouths, finally believed. Enraged, the teacher thought of an extreme way to discredit Ahimsaka. When Ahimsaka had finished his studies he asked his teacher what was the fee for so many years’ teaching. The teacher replied that Ahimsaka was to bring him 1000 little fingers. This put Ahimsaka in a difficult spot: if he refused then he could be accused of disobeying his teacher and therefore dishonored but if he accepted he would have to become a bandit liable to the extreme punishments of the law in those days. Bewildered by this brutal demand, Ahimsaka protested but eventually accepted to provide the teacher with his thousand fingers. After equipping himself with weapons he became a bandit dwelling in the forest and killing people on the road going through it. He took to wearing a garland of dried withered fingers, a fact that inspired even more terror of him. When his murders on the highway provided only a scanty number of fingers, merchants took to warning other caravans, while travellers journeyed in large groups, so he began raiding villages in the night. Terrified people fled to the royal capital to demand that the King take action. The King eventually set out with his bodyguard to scour the forest. Meanwhile, Angulimala’s parents had guessed that their son had become a bandit and while the mother wanted to help Angulimala, the father disowned him. The mother therefore set out upon the forest road by herself, determined to find her son. The Buddha seated in meditation saw in a vision that the old mother would become a victim of her son’s sword. In order to prevent this and to stop Angulimala’s murders he proceeded into the forest – against the advice of farmers and overtook the mother. Angulimala saw the single monk approaching and was glad, for the Buddha would provide, he reckoned, the last of his thousand fingers. Though he was a very fast sprinter, yet he could not overtake the Buddha who was walking normally. Eventually, frustrated at this, he shouted to the Buddha, “Hey you, monk, stop, stop!” The Buddha while continuing to walk, turned his head and replied, “I stopped long ago but you have not stopped.” Angulimala was confused – I have stopped walking but he continues to walk so how can he say that he has stopped while I have not? So the bandit having recognized the Buddha as someone special threw away his weapons and could then approach the Buddha and question him again. The Buddha replied that he himself had stopped harming and killing living beings but Angulimala still did these things. Angulimala had a deep insight into ‘stopping’ his crazy mind and prostrated to the Buddha’s feet while asking to become his disciple. The Buddha accepted him. The King to ensure a good outcome of his perilous search for Angulimala visited the Buddha, who to the King’s astonishment, showed him the former bandit with his hair shaved and clad in rag-robes. The King is overcome with emotion, offerd support to the monk Ahimsaka and exclaimed “One without weapons (The Buddha) has conquered the one with weapons, while the full force of my kingdom could not succeed !” One day when Ahimsaka was collecting alms food, he heard the screams of a woman in difficult childbirth and reflected on how much suffering there was in this world. Then he determined to help her by making a declaration of truth: “Ever since I was born of the Noble Birth, I have never knowingly killed any living being: by virtue of this truth, may you and your child be safe and secure.” (Notice that he said, “since I was born of the Noble Birth” – that is, had become a disciple of the Buddha). By virtue of that declaration that woman’s pain was eased and the baby’s birth followed normally. Ahimsaka explained: Some creatures are subdued by force, Some by hook and some by whips: But I was tamed by such a one Who needed neither stick nor sword. The Buddha said: He who by wholesome karma Covers up the evil done Illumines all this world, As the moon when freed from clouds. "May all beings be free from suffering and the causes of suffering" CB

Thursday, 7 July 2011

" ရန်သူတွေ "






- ဓားနှင့်လာသော ရန်သူထက် စကားနှင့်လာသော ရန်သူက

ပိုကြောက်စရာကောင်းကြောင်း သတိမူသင့်၏။

စကားနှင့်လာသော ရန်သူထက် အကြွားနှင့်လာသော ရန်သူက

ပိုကြောက်စရာကောင်း၏။

အကြွားနှင့်လာသောရန်သူထက် အမှားနှင့်ဝင်လာသောရန်သူက

ပို၍ပို၍ကြောက်စရာကောင်း၏။

ပြင်ပမှလာသောရန်သူထက် ကိုယ်တွင်းမှဖြစ်သော ရန်သူက

သာ၍ ကြောက်စရာကောင်းတော့၏။

ကိုယ်မှဖြစ်သောရန်သူထက် စိတ်တွင်းမှဖြစ်ပေါ်လာသောရန်သူကား

ကြောက်စရာအကောင်းဆုံး ဖြစ်ပေသည်။

စိတ်တွင်းဖြစ်ရန်သူသည် မိမိသွားရာ အမြဲပါပြီး မမြင်သာလွန်း၍

ရှောင်တိမ်းရကောင်းမှန်းပင် မသိသောကြောင့်တည်း။

- မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

Friday, 1 July 2011

အဖေနဲ့အမေ့


ဟိုး.....လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးစု အလွန်တုန်းက ဒီလိုအချိန် ... ကိုယ်လောကကြီးထဲကို စတင်ခြေချခွင့်ရတဲ့အချိန်ပေါ့ ...။ ကိုယ်ကတော့ အပူအပင်ကင်းကင်း နဲ့ အဖေနဲ့အမေ့ရဲ့ခွန်အားတွေကြောင့် လောကကြီးမှာ နေရာတနေရာရခဲ့တယ် ။ ဒါပေမဲ့ အမေနဲ့အဖေကတော့ အဲ့ဒီအချိန် လောကကြီးထဲမှာ ကိုယ်တို့တွေနေရာရဖို့ အသေအကြေ တိုက်ခိုက်ရုန်းကန်နေခဲ့ရတဲ့ အချိန် ... ။

အဲ့ဒီအချိန်က အမေဟာ ယောက္ခမအိမ်မှာ ကပ်နေရတဲ့ ယောင်နောက်ဆထုံးပါဘဝဆိုပေမဲ့ အင်မတန် စိတ်ဓါတ်မာကြောပြီး ပြတ်သားတဲ့ မိန်းမတယောက် ။ ဖြစ်သမျှကို ခင်ပွန်းသည်နဲ့ သမီးတွေလက်ဆွဲပြီး ရဲရဲရင်ဆိုင်မယ်ဆိုတဲ့ သတ္တိရှိတဲ့မိန်းမတယောက်တဲ့ ... ။ အဖေ့ကျတော့ သဘောကောင်း အေးဆေးလွန်းတဲ့ ၊မိဘမောင်ဖွားတွေ နိုင်စားတာကို ဘာအတိုက်အခံမှမလုပ်ဘဲ ခေါင်းငုံခံတတ်တဲ့ နူညံ့ငြင်သာလွန်းတဲ့ ခပ်ရွံ့ရွံ့ ယောက်ျားတယောက်တဲ့ ... ။

အမေ ခဏခဏပြောပြဖူးတဲ့ အဲ့ဒီအချိန်က ဆိုင်ခန်းအငှားနဲ့ အလည့်ကျဆိုင်ဖွင့်ရတဲ့ အကြောင်း၊ ဘကြီးဒေါ်ကြီးတွေ အနိုင်ကျင့်တဲ့ အကြောင်း ၊နှိမ်ချခွဲခြားဆက်ဆံတဲ့ အကြောင်း ...
ခါးသီးလှတဲ့ ဘဝတွေကို ဖြတ်ကျော်လာခဲ့ရတဲ့ အမေ့ပုံရိပ်တွေက အမေ့မျက်နှာမှာ အထင်းသား ။ကိုယ်တို့မောင်နှမတွေဟာ မရိုးမအီတမ်း အဲ့ဒီအကြောင်းတွေကို အကြိမ်ပေါင်းများစွာ အံကြိတ်ပြီး နားထောင်ခဲ့ဖူးတယ် ။ ကိုယ်ထင်ပါတယ်.. အဲ့ဒီအကြောင်းတွေဟာ ကိုယ်တို့မောင်နှမတွေကို မခံချင်စိတ်နဲ့ ကျိတ်ပြီးကြိုးစားစေအောင် နာကျည်းစေတဲ့ အမေပေးတဲ့ အားပုန်းလက်နက်တွေဖြစ်စေခဲ့ဖူး
တယ်လို့ပေါ့ ။အဲ့လို ခါးသီးတဲ့ ဘဝတွေကြားကတောင် ငါ့သမီးလေးတွေကို လူတန်းစေ့ မျက်နှာမငယ်ပဲနေနိုင်အောင်၊ ပညာတတ်ကြီးတွေ ဖြစ်အောင်ဆိုတဲ့ အမေ့နဲ့ အဖေ့ ရဲ့ အိပ်မက်တွေက မပျောက်ရှခဲ့ဘူးတဲ့ ... ။ အဖေ့ရဲ့ခွန် ၊ အမေ့ရဲ့အား ဟာ ကိုယ်တို့တွေကို ခုချိန်ထိလုံခြုံစိတ်ချရတဲ့ ဘဝတွေအဖြစ်ဖန်တီးပေးနိုင်စွမ်းခဲ့တာမို့ ဘယ်အတိုင်းအတာထိ ကြီးကျယ်မြင့်မားနေတယ်ဆိုတာ ကိုယ့်မှာပြောပြစရာ စကားတွေအလုံအလောက် မရှိသလောက်ပါပဲ ။

ဒီကနေ့ အထိကိုယ်ရှိနေတာ၊ ကိုယ့်ဘဝရပ်တည်နေနိုင်တာဟာ အမေနဲ့ အဖေ့ရဲ့ မေတ္တာတော် အနန္တတွေကြောင့်ဆိုတာ ဘာသက်သေပြချက်မှ မလိုဘဲ ကိုယ်အကြွင်းမဲ့ လက်ခံထားတဲ့ အချက်တချက်ပါ ။ ကိုယ်လေ.. သိပ်ချစ်နိုင်လွန်း ၊ သိပ်လုပ်ပေးနိုင်လွန်းတဲ့ အဖေနဲ့အမေ့ရဲ့ မေတ္တာတွေကို အံ့သြမကုန်နိုင်အောင်ဖြစ်ရတဲ့ အခါတွေဆိုတာ မရေမတွက်နိုင်အောင်ပါပဲ ။

အမေနဲ့အဖေဟာ ကိုယ့်ကို ဟိုး...ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ် အရွယ်ကနေ ပြုစုပျိုးထောင်ပေးလာတာ အခုလိုအရွယ်ထိပဲ ။ အရာအားလုံးထက် ကြီးကျယ်မြင့်မြတ်တဲ့ " မိဘ မေတ္တာ" ဆိုတာကို ကိုယ်ခံယူစားသုံးပြီး ဒီကနေ့အထိ အသက်ရှင်နေထိုင်လာခဲ့တာ ။ ကိုယ်နောက်ပြန်တချက်လှည့်ကြည့်မိတိုင်း ကိုယ့်ရဲ့အရိပ်နဲ့ ထပ်တူပါတာဟာ အဖေနဲ့အမေရဲ့ မေတ္တာပဲ ဆိုတာ ကိုယ်ကြည့်မိတိုင်း မလွှဲမသေမြင်ရတဲ့ အရာပါ ။ ကိုယ့်ကိုအဲ့လို လူတလုံးသူတလုံးဖြစ်အောင် ပြုစုပျိုးထောင်ဖို့ အဖေနဲ့အမေ ကိုယ့်အတွက် ဘာတွေ ဘယ်လောက်များ ပေးဆပ်ခဲ့ရသလဲ မသိနော် ... ။ အဖေနဲ့အမေတို့ရဲ့ ပေးဆပ်နိုင်စွမ်းတချို့ဟာ တခါတခါ ကိုယ်တို့တွေ မမြင်စွမ်းနိုင်တဲ့ အထိနက်ရှိုင်းလွန်းလှတယ် ။ နှစ်တွေဆယ်ချီပြီး ဒုက္ခ၊သုခ ပေါင်းစုံကြားက မငြီးမငြူ ကြည့်ရှုစောင့်ရှောက် ပျိုးထောင်ပေးတဲ့ အလုပ်တွေကို ရင်နဲ့ရင်းပြီး လုပ်နိုင်တာဟာ ဒီကမ္ဘာလောကကြီးမှာ " မိဘ " မှ တပါး အခြားမရှိဆိုတာ ကိုယ်လေးလေးနက်နက် ပိုပိုပြီးခံစားလာရတယ် ။

အဖေနဲ့အမေဟာ ဒီနေ့ ကိုယ့်မွေးနေ့အတွက် ဘုန်းကြီးကျောင်းတကျောင်းမှာ ရေကန်လှုပေးသတဲ့ ... ။ အဖေနဲ့အမေဟာ သူ့သားသမီးတွေ မွေးနေ့တိုင်းမှာ သိုလ်ကောင်းမှုတွေပြုပေးရတာလဲ အမော ... ။ နေ့စဉ်နဲ့အမျှ သားတွေသမီးတွေအတွက် ဆုတောင်းပေးလိုက်ရတာ ဆိုတာလဲ အမော ... ။ ကိုယ်က သမီးတို့အတွက် အဲ့လောက်အပင်ပန်းမခံပါနဲ့ အဖေတို့ရယ် အဖေတို့အတွက်ပဲ လုပ်ပါ ဆိုတော့.. အော်... ဒီသားဒီသမီးတွေပဲရှိတာ အဖေတို့မမောဘူးတဲ့.. ။ မေတ္တာဓါတ်တွေကြောင့်မမောဘူးတဲ့ ။ အဖေတို့မှ ဒီအလုပ်ကိုမလုပ်ရင် ဘယ်သူကလုပ်မှာလဲတဲ့ ... ကိုယ်မှာဖော်ပြစရာ စကားလုံးမရှိလောက်အောင်ကိုပဲ ကျေနပ်ပီတိဖြစ်မိပါတယ် ။ ကိုယ်တို့မောင်နှမတွေဟာ မိဘရဲ့ ကောင်းကျိုးကို ခံစားရတဲ့ သားသမီးတွေပါ ။ အဲ့အတွက် အဖေနဲ့အမေကို တကယ်ကျေးဇူးတင်မိတယ် ။

ကိုယ်မှတ်မိနေပါသေးတယ် .. ကိုယ်တို့မောင်နှမတွေရဲ့ မွေးနေ့တိုင်းမှာ အမြဲလုပ်ပေးလ့ရှိတာတွေကိုပေါ့ ။ မနက်အာရုံတက်မှာ ဆွမ်းခံကြွတဲ့ကိုယ်တော်တွေကို ဗရာကြော် ဆွမ်းလောင်းပေးတယ် ။ ဘေးဘရာဝေးကွာပြီး အသက်ရာကျော်ရှည်အောင်တဲ့ ။ ပြီးရင် ဆရာတော်တပါးပါးကိုပင့်ပြီး ဆွမ်းကပ်တယ်၊ဆေး၊ ဆွမ်း ကပ်လှုတယ် ၊ဝတ္ထုလှုတယ် ။ ဟော... အိမ်သားတွေအတွက်ကျတော့ ကြာဇံဟင်းခါး .. ကြာကြာစံရအောင်တဲ့ ... ။ ဒါပေမဲ့ အုန်းနို့ကျောက်ကျောနဲ့ လက်ဖက်နှပ်ကတော့ ဘာ့အတွက်ပါလိမ့် ...လို့ ကိုယ်ဒီတခေါက် ကြုံရင် အမေ့ကို ချစ်စနိုးလေး စနောက်လို့ မေးလိုက်ချင်ပါသေးတယ် ။ အမှန်ကတော့ ကိုယ်တို့ကြိုက်တတ်တာတွေကို လုပ်ပေးတာပါ ။ ဒါပေမဲ့ အဖေနဲ့ အမေကတော့ အဲ့လိုလဲ ချစ်စရာကောင်းအောင် တွေးတတ်သေးတယ် ။ သူတို့ အတွေးနဲ့သူတို့တော့ ဟုတ်နေတာပဲလေ ။

ဟော....ချက်ပြီဆိုတဲ့ အခါကျလဲ ... အမေကချွေးတလုံးလုံးနဲ့ ချက်ပြုတ် ၊ကိုယ်တို့မောင်နှမတွေက အမေ့ဘေးမှာ ဝိုင်းလို့ ဟိုရှုပ်ဒီရှုပ် ။အဖေကတော့ ထုံးစံအတိုင်းဘေးမှာ တပြုံးပြုံးနဲ့ပေါ့ ။ ဟိုဟာ ကောက်နှိုက်စား ဒီဟာကောက်နှိုက်စားရင်းပေါ့ ။ ညကျရင်လဲ ဘုရားကို မောင်နှမတွေ အတူသွားကြသေးတာ ။ ရေလှု ၊ မီးလှု ၊ ပန်းလှုပေါ့ ။ ပျော်လဲပျော်စရာကြီး ... ။ အင်း.... အခုတော့ ကိုယ်မွေးနေ့တွေကို ခြောက်ကပ်ကပ်နဲ့ တယောက်တည်း ကျင်းပလာတာ လေးနှစ်ရှိနေပြီ ။ ကြာဇံဟင်းခါးချက်ပေးမဲ့ အမေ နဲ့ တပြုံးပြုံးထိုင်ကြည့်နေတတ်တဲ့အဖေ ၊ ဘာမှမလုပ်ဘဲလဲ ဘေးမှာထိုင်ရှုပ်ကြတဲ့ မောင်နှမ အရှုပ်ထုပ်လေးတွေကလည်း ကိုယ်နဲ့ကအဝေးမှာ ဆိုတော့ ......... ။ ကိုယ် စုံစုံလင်လင်ရှိခဲ့တဲ့ အဲ့ဒီအချိန်လေးတွေကို သိပ်လွမ်းတာပဲ ။ နောက်ထပ်အဲ့လိုအချိန်လေးတွေကိုလဲ ပိုင်ဆိုင်ချင်ပါသေးတယ် ။

ဒါပေမဲ့လည်း ခြောက်ကပ်လှတဲ့ ကိုယ့်မွေးနေ့တိုင်းက အမေတို့ပို့သတဲ့ မေတ္တာသံတွေနဲ့ နှစ်တိုင်း အေးအေးချမ်းချမ်း ရှိနေတာတော့ အမှန်ပါပဲ ။ ကိုယ်ဒီနှစ်လဲ ဒီကနေ ဖုန်းဆက်ပြီးလှမ်းကန်တော့တော့ အဖေက ငါ့သမီးလေး ကျန်မာချမ်းသာပါစေ ၊လိုအင်ဆန္ဒတွေ ပြည့်ဝပါစေတဲ့ ။ အမေကလဲ ငါ့သမီးလေး ဒိထက်ပိုလို့ အစစအရာအရာ အဆင်ပြေချောမွေ့ပါစေတဲ့ ။ပညာတွေပြည့်စုံပါစေတဲ့ ။ ထုံးတမ်းအစဉ်လာမပျက်ပေးတဲ့ဆု ဆိုပေမဲ့ အဲ့ဒီဆုနှစ်ဆုဟာ ကိုယ် နောက်တနှစ်ကို ခြေလှမ်းစဖို့အတွက် အားသစ်တွေပေးတယ် ။ ယုံကြည်မှုတွေကို ပေးတယ် ။ အဲ့ဒီဆုပေးသံ နှစ်သံရှိရင် ကိုယ့်မွေးနေ့က ချောက်ကပ်ပေမဲ့လည်း ပြည့်စုံပါတယ် ။ သတိတရ လွမ်းဆွတ်မိပေမဲ့လည်း ကိုယ်ဖြေသာပါတယ် ။ ကိုယ်လဲ အဝေးကနေ ဦးချကန်တော့ရင်း ပြန်ပြီး ဆုတောင်းပေးမိပါတယ် ။ ကိုယ့်ကိုမွေးပေးခဲ့တဲ့ အမေ ၊ ကိုယ့်ကိုကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အဖေ .. စိတ်အေးချမ်းသာပါစေလို့ ၊ဆထက်တပိုး တရားအလုပ်တွေ တိုးလုပ်နိုင်ပါစေလို့ .. ပေါ့ ။ ပြီးတော့ ကိုယ့်ကိုယ်ကိုလဲ အဖေ နဲ့ အမေ ကို အမြဲတစေ စိတ်အေးချမ်းအောင် ထားနိုင်တဲ့ သူဖြစ်ပါရစေလို့လေ။

ကိုယ်ဟာ ဒီနေ့အဖေတို့ ဆုတောင်းနဲ့အတူ သက္ကရာဇ်တခုကို ချည်းနင်းဝင်ရောက်လိုက်ပြန်ပါပြီ ။ ကိုယ်ဟာ ဒီလိုနဲ့ပဲ အသက်တွေ တစတစ ပိုကြီးလာအုန်းမှာပါပဲ ။ ဒါပေမဲ့ အဖေနဲ့အမေကလည်း သူတို့အသက်ရှိထင်ရှားရှိနေသရွှေ့ ကိုယ်ဘယ်လောက် အဝေးကြီးမှာပဲ ရှိနေပါစေ ၊ ကိုယ်အသက်တွေ ဘယ်လောက်ပဲ ကြီးသွားပါစေ ၊ ကိုယ့်ကို ဟိုး...ငယ်ငယ် ဖဝါးလက်နှလုံး ပုခုံးလက်နှစ်သစ်အရွယ်ကလိုပဲ ဂရုတစိုက် နဲ့ ယုယကြင်နာနေအုန်းမယ် ဆိုတာကလည်း အသေအချာပါပဲ ။

နှစ် ၊ လ ၊ ရက်တွေရေ .... နင်တို့တွေက သက္ကရာဇ်ကို ဝါးမြိုနိုင်ပေမဲ့ အဖေနဲ့အမေ့ရဲ့ မေတ္တာကိုတော့ မဝါးမြိုနိုင်ဘူးဆိုတာ နင်တို့ကိုယ်နင်တို့ သိမှသိပါလေစ ... ။ သက္ကရာဇ်တွေ ပြိုကျပေမဲ့ အဖေနဲ့ အမေရဲ့ မေတ္တာကတော့ မပဲ့မယွန်း တည်ရှိနေတယ် ဆိုတာ ကိုယ့်အသက်က သက်သေတည်နေပြီလေ ။

ချစ်လှစွာသော အဖေနဲ့အမေကို ဒီနေရာကနေ ထပ်ပြီးဦးခိုက်ပူဇော်ပါတယ် အဖေနဲ့အမေ ။ မေတ္တာတရားထုံမွမ်းတဲ့ ဘဝတွေနဲ့ သမီးတို့ကို နွေးထွေးလုံခြုံစေတဲ့ အဖေနဲ့အမေ စိတ်အေးချမ်းသာစွာ ရှိပါစေ ။ ဘဝအမောတွေပြေလို့ တရားဘာဝနာတွေ ဆထက်တပိုးရွက်ဆောင်နိုင်ပါစေ အဖေနဲ့အမေ ။